Ruckus Zone Director နဲ့ Access Point တွေမှာ Broadcast လုပ်ထားတဲ့ Wireless SSID ကို အကြောင်းတခုခုကြောင့် ပြန်ပြီး disable လုပ်ဖို့လိုလာပြီဆိုရင်
ဒီနည်းလမ်းအတိုင်းလုပ်ပါ။
- ZoneDirector ကို Login ဝင်ပါ။
- Configure ကနေ WLANs ကို သွားပါ။
- WLAN Groups ကိုရှာပါ။
- System Default Group အတိုင်းပဲ သုံးထားရင် Default Group ကိုပဲ Edit လုပ်ပြီး disable လုပ်ချင်တဲ့ Wireless SSID ကို uncheck လုပ်ပြီး OK လုပ်ပါ။
- Custom Group ဆိုလဲ Custom Group ကို Edit လုပ်ပြီး disable လုပ်ချင်တဲ့ Wireless SSID ကို uncheck လုပ်ပြီး OK လုပ်ပါ။
ဒါဆိုရင် SSID disable လုပ်ခြင်းပြီးပါပြီ။
Dashboard ရဲ့ Most Recent System Activities အောက်မှာ disable လုပ်လိုက်တဲ့ SSID ကို AP တွေကနေ remove လုပ်လိုက်ပြီဆိုတဲ့ message ကိုတွေ့ရမှာ ဖြစ်ပါတယ်။
ဒါပါပဲ။
ပျော်ရွှင်ပါစေဗျာ။
(Be knowledgeable, pass it on then)
Home
»
Knowledgebase
»
Networking
»
How to stop "Wireless SSID" from broadcasting in Ruckus ZoneDirector and remove from APs
Post a Comment