ရထားစီးဖို့ ဘူတာထဲ ကို ဝင်လိုက်တာနဲ့ Escalator, Lift, Aircon တွေ ဟာ Building Management System (BMS) နဲ့ အလိုအလျောက် အလုပ်လုပ်နေတာ၊
ဘယ်ဖက်ကို ဦးတည်သွားမယ့် ရထားက ဘယ်အချိန်ရောက်မယ် ဆိုတာမျိုး ကို နေ့စဉ် သွားရင်းလာရင်း သတိထားမိမယ်ထင်ပါတယ်။
နောက်တခါ ခရီးသွားဖို့ လေဆိပ်ကို ရောက်တဲ့ အခါ Baggage တွေ သယ်သွားတဲ့ Conveyor တွေ၊ လေကြောင်းလိုင်းတွေရဲ့ အချိန်ဇယားတွေ သတိထားမိလားတော့ မသိဘူး။
ဆေးရုံတွေ သွားတဲ့ အခါ လူနာတွေကိုယ်မှာ တပ်ထားတဲ့ Vital sign monitor တွေမြင်ဖူးကြမှာပေါ့။
ကားလမ်းဆုံတွေ က သူ့အလိုလို အလုပ်လုပ်နေတဲ့ Traffic light တွေ ကိုတော့ မြင်ဖူးကြမှာပါ။
နောက်တခါ TV တွေမှာ စက်ရုံထဲကစက်တွေ အလိုအလျောက်လည်ပတ်နေတာကိုလဲ တခါတရံမြင်ဖူးကြမှာပါ။
ကိုယ်သောက်နေတဲ့ရေ က်ိုသန့်စင်ဖြန့်ဖြူးပေးနေတဲ့ Water Treatment Station တွေ၊ Electricity ကို ဖြန့်ဖြူးပေးနေတဲ့ Power station တွေ လဲ သိကြမယ်ထင်ပါတယ်။
ဒီ လုပ်ငန်းစဉ်တွေကို ထိန်းကျောင်း မောင်းနှင်နေတဲ့ Industrial Control Network တခုရှိပါတယ်။ ဒါကိုပဲ Operational Technology (OT) network လို့ ခေါ်တာပါ။
လူတော်တော်များများက OT ကို IT နဲ့ ကွဲပြီး မသိကြပဲ အတူတူလို့တောင် ထင်ကြပါသေးတယ်။
တကယ်တော့ OT network က Modbus, DNP3, Profinet, BACnet တို့လို Industrial Control System တွေ အတွက် Protocol တွေ သုံးပြီး လည်ပတ်နေရတာပါ။
Factory Automation လိုနေရာမှာပဲ IT network မှာ သုံးတဲ့ Ethernet/IP ကိုသုံးတာ။
ဒီ OT system တွေ နဲ့ IT system ရဲ့ အဓိက ကွာခြားချက်ကတော့
IT system က အမှားခံနိုင်တယ်၊ real time မလိုပဲ second/milliseconds နောက်ကျလို့ရတယ်။
OT system မှာ မှားတာတို့ နောက်ကျတာတို့ဆိုရင် လူမြောက်များစွာ ထိခိုက်နိုင်တာ၊ ငွေကြေးပေါင်း မြောက်များစွာ ဆုံးရှံးနိုင်တာတွေ ဖြစ်ပါတယ်။
ဒါကြောင့် IT network လို Confidential အရင်လာ Integrity and Availability က နောက်ကလိုက် မဟုတ်ပဲ၊ Availability က ပထမ၊ Integrity နဲ့ Confidentiality ကနောက်မှဆိုတဲ့ OT network operation နဲ့ OT network security ကို အချိန်ရရင် OT ရဲ့ အခြေခံ
စည်းမျဉ်း Purdue Model နဲ့ အတူ ထပ်ဝေမျှပါအုံးမယ်။
Post a Comment